Follow

Cookies(ကွတ်ကီးစ်) ဆိုတာ ဘာလဲ

ကွက်ကီး ဆိုတာ သင် ဝက်ဘ်ဆိုက် ဒါမှမဟုတ် အပလီကေးရှင်း တစ်ခုကို ဝင်လိုက်တဲ့အခါမှာ သင့်စက် (မိုဘိုင်းဖုန်း၊ ကွန်ပျူတာ) ထဲမှာ သိမ်းထားလိုက်တဲ့ အချက်အလက်သေးသေးလေး တစ်ခုပါ။ အချို့သော သက်ဆိုင်ရာ ဝက်ဘ်ဆိုက် သို့မဟုတ် အပလီကေးရှင်းကသာ ပိုင်ဆိုင်တဲ့ Cookie (ကွတ်ခ်ကီးစ်) တစ်ခုကို  တခြားသူတွေ ဖတ်လို့မရပါဘူး။ Cookies (ကွတ်ကီးစ်) တွေဟာ သုံးစွဲသူတို့၏ တွေ့ကြုံခံစားရမှုများ ပိုမိုချောမွေ့အဆင်ပြေစေ ဖို့အတွက် သုံးစွဲသူတို့၏ အကြိုက်များ နှင့် လုပ်ကိုင်ဆောင်ရွက်မှုများဆိုင်ရာ သတင်းအချက်အလက်တို့ကို မှတ်သားထားပေးရာတွင် ဝန်ဆောင်မှုများ အတွက် လွန်စွာအသုံးဝင်လှတဲ့ နည်းလမ်းဖြစ်ပါ တယ်။

 မိမိရဲ့ပုံသေ ဘရောက်ဇာ (browser) မှာ Cookie (ကွတ်ကီးစ်) အကုန်လုံးကို ပိတ်ထားမယ်ဆိုရင်တော့၊ မိမိသုံးနေတဲ့ဝန်ဆောင်မှုတွေကို CONNECT နဲ့ ဆိုင်းအင်(Sign in) ဝင်ရာမှာ အခက်အခဲ ရှိနိုင်ပါတယ်။

ယေဘုယျအားဖြင့် Cookies(ကွတ်ကီးစ်)တွေကို သူတို့ သက်တမ်းနဲ့ မူလဇာစ်မြစ် အလိုက် အမျိုးအစားခွဲထားပါတယ်။ သက်တမ်း-

  • ယာယီ Cookie (ကွတ်ကီးစ်) သို့မဟုတ်   ဝင်ရောက်စဉ်ကာလ(session) သုံး Cookies (ကွတ်ကီးစ်) တွေကတော့ ကာလတို Cookies(ကွတ်ကီးစ်)များဖြစ်ပါ တယ်။  ယင်း Cookies(ကွတ်ကီးစ်)များကို လူကြီးမင်း ဝန်ဆောင်မှုသို့ ဝင်ရောက်သုံးစွဲနေစဉ် ကာလအပိုင်းအခြားအတွင်းသာ အသုံးပြုပါ တယ်။ လူကြီးမင်း  ဘရောက်ဇာ(browser)ကို ပိတ်ပိတ်ချင်းမှာ ၎င်းတို့ကို ဖျက်လိုက်မှာဖြစ်ပါတယ် (သိုမဟုတ်  မပိတ်ခင် ဦးအောင် ဖျက်လိုက်လို့လည်း ရပါတယ်)။
  • တာရှည်ခံကွက်ကီးများ ကတော့ သက်တမ်းကုန်မသွားခင် သို့မဟုတ်  မဖျက်မချင်း  စက်ထဲမှာ သတ်မှတ်ထားတဲ့ အချိန်ကာလတစ်ခုထိ တည်တံ့နေနိုင်တဲ့  Cookies(ကွတ်ကီးစ်)များဖြစ်ပါတယ်။

မူလဇာစ်မြစ်-                                                                                        

  • ပထမ အဖွဲ့ (First party)Cookies(ကွတ်ကီးစ်) များ က မိမိ ဝင်ရောက်နေတဲ့ ဝက်ဘ် ဆိုက်က တိုက်ရိုက်လာတာဖြစ်ပါတယ်။
  • တတိယ အဖွဲ့ (Third party)Cookies(ကွတ်ကီးစ်)များ က တခြားက လာတာဖြစ်ပါတယ်၊ ဥပမာပြရမယ်ဆိုရင် ဝက်ဘ်ဆိုက်ကို ဝင်ရောက်တဲ့အခါ တွေ့မြင်ကြရတဲ့ တတိယ အဖွဲ့ (Third party) တွေရဲ့ ကြော်ငြာတွေ လိုမျိုးပေါ့ ။
Was this article helpful?
0 out of 0 found this helpful

မေးခွန်း ရှိပါသေးလား၊ တောင်းဆို မေတ္တာရပ်ခံချက်တစ်ရပ်ကို ဆပ်ဘ်မစ်တ်(submit)လုပ်ပေးပါ ပေးပို့ပါ