လူကြီးမင်းသည် သုံးစွဲသူ အသစ်ဖြစ်စေ၊ သုံးရင်းစွဲရှိသူ ဖြစ်စေ လူကြီးမင်းသုံးစွဲလိုသော ဝန်ဆောင်မှုတွင်ပါရှိသော " CONNECT နှင့် ဆိုင်းအင််(Sign in) (Sign in)ဝင်ပါ" ခလုတ်ကိုသာနှိပ်လိုက်ပါ (ဥပမာများကို အောက်တွင်ကြည့်ပါ)။
- မိမိ၏့် မိုဘိုင်းဖုန်းနံပါတ် သို့မဟုတ် အီးမေးလ်လိပ်စာကို ထည့်သွင်းပြီး "ဆိုင်းအင်(Sign in) ဝင်ပါ" ကို နှိပ်ပါ။ ဤသို့ပြုလုပ်ခြင်းအားဖြင့် အကယ်၍ လူကြီးမင်း CONNECT သုံးစွဲဖူးခြင်းများရှိခဲ့လျှင် ကျွန်ုပ်တို့ စစ်ဆေးသိရှိနိုင်ပါမည်။
- လူကြီးမင်းအသုံးပြုနေသည့် ဝန်ဆောင်မှုအပေါ် မူတည်၍ လူကြီးမင်းအား အောက်ပါကဲ့သို့သော ကိစ္စရပ်များကို ဆောင်ရွက်ရန် မေတ္တာရပ်ခံမှုပြုကောင်း ပြုနိုင်ပါသည်-
- စကားဝှက်ကို ရွေးချယ်ခြင်းသို့မဟုတ် ထည့်သွင်းခြင်းပြုရန်
- အီးမေးလ်လိပ်စာ တစ်ခုကို ထပ်မံထည့်သွင်းပေးခြင်းပြုရန် မိမိ၏ မိုဘိုင်းဖုန်း မိမိလက်ဝယ် တွင်ရှိကြောင်းအတည်ပြုပေးခြင်းဆိုင်ရာများ ဆောင်ရွက်ရန်- ယင်းကဲ့သို့ဆောင်ရွက်နိုင်ရန် အတည်ပြုခြင်းဆိုင်ရာ ကုဒ်တစ်ခုကို စာတိုသတင်း(SMS)ဖြင့် ပေးပို့ပါမည်။
အကယ်၍ လူကြီးမင်း၏အီးမေးလ်လိပ်စာအား ထည့်သွင်းခိုင်းထားခဲ့ပါက လူကြီးမင်းထံသို့ အတည်ပြုအီးမေးလ် ပို့ပေးပါမည်။ မိမိအကောင့်၏ လုံခြုံရေးကို တိုးမြှင့်ရန် အတည်ပြု အီးမေးလ်တွင် ပါဝင်သော လင့်(link)ကို နှိပ်ပြီး မိမိ၏အီးမေးလ်လိပ်စာကို အတည်ပြုပါ။