လူကြီးမင်းတို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များ လုံခြုံမှုရှိရေးသည် ကျွန်ုပ်တို့ အတွက်အလွန်အရေးကြီးပါသည်။ လူကြီးမင်းတို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များ လုံခြုံမှုရှိစေရန် ကာကွယ်ပေးရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်လျက်ရှိပြီး လူကြီးမင်း၏ ယုံကြည်မှုကို ရရှိအောင်လည်း ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ခိုင်မာစွာ သန္နိဌာန်ချထားပါသည်။ လူကြီးမင်းတို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်းအချက်အလက်များကို လုံခြုံစွာ ထိန်းသိမ်းစောင့်ရှောက်ထား၍လည်းကောင်း၊ ပွင့်လင်းမြင်သာစွာဖြင့် ကိုင်တွယ်ဆောင်ရွက်၍လည်းကောင်း လူကြီးမင်းတို့၏ ယုံကြည်မှုကို ရရှိအောင်ဆောင်ရွက်သွားပါမည်။
ကိုယ်ရေးကိုယ်တာအချက်အလက်များနှင့် စပ်လျဉ်း၍ ကျွန်ုပ်တို့၏ သဘောထား ရပ်တည်ချက် အကျဉ်းချုပ်-
- သုံးစွဲသူများကို အသိပေးမည်- ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များကို ကောက်ယူရာ၌လည်းကောင်း၊ သုံးစွဲရာ၌လည်းကောင်း ကျွန်ုပ်တို့က ပွင့်လင်းမြင်သာမူအပြည့်ဖြင့် ဆောင်ရွက်ပါသည်။
- သုံးစွဲသူများ၏ အကျိုးအတွက်သာ သုံးစွဲမည်- လူကြီးမင်းတို့အတွက် ပိုမိုကောင်းမွန်ပြီး ပိုမိုသင့်တော်ဆီလျော်သည့် ဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန်သာ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များကိုသုံးစွဲပါမည်ဟု ခိုင်မာသည့် သန္နိဌာန်ချမှတ်ထားပါသည်။
- တစ်ဦးတည်း သီးသန့် ကိုင်တွယ်ဆောင်ရွက်မည်- ကျွန်ုပ်တို့သည် လူကြီးမင်းတို့၏ပုဂ္ဂိုလ်ရေး အချက်အလက်များကို တခြားသူများထံသို့ ဖြန့်ဝေမည်မဟုတ်ပါ။
- လုံခြုံမှုကို ဦးစားပေးဆောင်ရွက်မည် - လူကြီးမင်းတို့၏ အချက်အလက်များလုံခြုံမှုရှိရန်မှာ ကျွန်ုပ်တို့၏ ဦးစားပေးဖြစ်ပါသည်။ ကျွန်ုပ်တို့သည် လူကြီးမင်းတို့၏ ပုဂ္ဂိုလ်ရေး အချက်အလက်များအမြဲလုံခြုံဘေးကင်းစေရန် ထိမ်းသိန်းစောင့်ရှောက်ပါသည်။
ပိုမိုအသေးစိတ်သိလိုပါက- ကိုယ်ရေးကိုယ်တာအချက်အလက်များလုံခြုံမှု နှင့် အချက်အလက်များ ကာကွယ်ရေးဆိုင်ရာTelenor ၏ ပေါ်တယ်(portal) ဖြစ်သော Telenor’s Privacy and Data Protection portal သို့ - ကျေးဇူးပြု၍ ဝင်ရောက်ကြည့်ရှုပါ။